Network ဆိုတာဘာလဲ?

Monday, 7 March 2016


Network ဆိုတာဘာလဲ?

Networkဆိုတဲ့ စကားလုံးက နယ်ပယ်အသီးသီးမှာ သုံးနေကြတာကိုတွေမြင်နိုင်ပါတယ်။ လွယ်လွယ်ကူကူပဲ မြန်မာပြုရမယ်ဆိုရင်တော့ ကွန်ယက်ပေါ့။ အဲ့တော့ Network လို့ပြောကြပြီးဆိုရင်တော သက်ရှိလူတစ်ဦးနဲ့ တစ်ဦး ဖြစ်စေ၊ သက်မဲ့(Communication Devices)တခုနဲ့တခုဖြစ်စေ ကို ချိတ်ဆက်ထားတဲ့ အစုအဖွဲ့(Group)ကို ကွန်ယက်(Network)လို့ခေါ်လို့ရနိုင်ပါတယ်။ ရည်ရွယ်ချက်ကတော့ Group အတွင်းမှာ လိုအပ်မဲ့ ၊ လုပ်ဆောင်ရမဲ့ သတင်း ၊ အချက်အလက် စတာတွေကို ဖလှယ်ရယူဖို့ လို့ ပြောလို့ရပါတယ်။ Network အတွင်းမှာ စနစ်တကျ နဲ့ လုံခြုံစိတ်ချစွာ အပြန်အလှန် ဆက်သွယ်ရယူဖို့အတွက်ကိုလဲ ဥပဒေသ(Protocols,Policies)တွေ ၊ သတ်မှတ်ချက် စတာတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားနိုင်ကြပါတယ်။
step2categories
အခုကျွန်တော်တို့ လေ့လာကြမှာကတော့ComputerNetworkingလို့ပဲ ခေါင်းစဉ်တပ်ကြတာပေါ့။ Computer Networkကို စတင်အသုံးပြုခဲ့ကြတာကတော့ ၁၉၄၀နောက်ပိုင်းဝန်းကျင်လောက် က စခဲ့ကြတယ်လို့ ရေးထားတဲ့စာအုပ်တွေလဲရှိပါတယ်။ တကယ်တန်းစတင်အသုံးပြုခဲ့ကြတာကတော့ အမေရိကန်စတပ်သုံးအနေနဲ့ စတင်အသုံးပြဲခဲ့ကြတယ်ဆိုရင်တော့ပိုသေချာမယ်ထင်ပါတယ်။ ၁၉၅၀လောက်မှာတော့ military radar systemတွေမှာ ကျယ်ကျယ်ပြန့်သုံးလာခဲ့ကြပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေမှာ စတင်အသုံးပြုခဲ့တာကတော့ ၁၉၆၀ ၀န်းကျင်လောက်မှာ commercial airline reservation system အနေနဲ့ စတင်အသုံးပြုခဲ့ကြတယ်။ Networkတွေ ချိတ်ဆက်သုံးစွဲရတဲ့ ရည်ရွယ်ချက်ကတော့ အချက်အလက်တွေကို တနေရာကနေ တနေရာကို အလျင်အမြန်ပို့ဆောင်ပြီး အတူတကွသုံးစွဲ နိုင်အောင်ပဲဖြစ်ပါတယ်။ လက်ရှိကာလမှာတော့ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာနဲ့အတူ Computer Networkဆိုတာလဲ ကျယ့်ပြန့်ခက်ခဲနက်နဲလာတယ်လို့ပဲပြောကြရမှာပါ။ အခြေခံအားဖြစ်တော့ Communication Devices(PC,Server,Printer,Mobile,Scanner) တွေကိုအပြန်အလှန် ချိတ်ဆက်ပြီး အချက်အလက်တွေ ၊ Printer ၊ Scanner ၊ Serverစတာတွေကို အတူတကွသုံးစွဲနိုင်အောင် ပြုလုပ်ထားတာကို Computer Network(ကွန်ယက်)လို့ခေါ်ဆိုနိုင်ပါတယ်။
step2categories
Computer NetworkComputer Network လို့ ပြောကြပြီးဆိုရင်တော့အကြမ်းအားဖြင့် နေရာတခုတည်း၊ အဆောက်အဦးတခုအတွင်း မှာ တိုက်ရိုက်ချိတ်ဆက်ပြီး အသုံးပြုကြတဲ့ LAN(Local Area Network)၊ တမြို့နဲ့တမြို့ ဥပမာ ရန်ကုန်နဲ့မန္တလေး ကိုချိတ်ပြီးသုံးကြရင်တော့ WAN(Wide Area Network)ဆိုပြီး ရှိကြပါတယ်။
step2categories
အခုလက်ရှိမှာ အားလုံးနီးပါးသုံးစွဲနေကြတဲ့ Internet ဆိုတာကို လွယ်လွယ်ကူကူ ရှင်းပြရမယ်ဆိုရင်တော့ ခုဏကပြောတဲ့ LAN တို့ WANတို့ကို တခုမက အပြန်အလှန် ချိတ်ဆက်ထားတဲ့ ကြီးမားတဲ့ ကွန်ယက်ကြီးတခုလိုလဲ ဆိုနိုင်ပါတယ်။

1 comment:

  1. The Casino in North Carolina: Everything You Need to Know
    How to travel from Raleigh to 안동 출장마사지 North Carolina's 과천 출장마사지 Casino is very 광양 출장안마 complicated. If you want to travel to a hotel in 고양 출장안마 North 경주 출장샵 Carolina,

    ReplyDelete

 
Site Admin Nyan Myo Hteik