DMVPN Tutorial
DMVPN(Dynamic Multipoint VPN)ကိုGNS3 နဲ့ လက်တွေ့လုပ်ကြည့်ကြရအောင်
DMPVN, Site-toSite VPNအမျိုးအစားလို့ပဲပြောကြပါစို့။ DMVPNကတော့ GRE(Generic Routing Encapsulation) ၊ NHRP(Next Hop Resolution Protocol) ၊ IPSec စတာတွေနဲ့ ပေါင်းစပ် တည်ဆောက်လို့ရတဲ့ ၊ တည်ဆောင်နိုင်တဲ့ VPN ပါ။ Design ကတော့ အခြေခံအားဖြင့် “Hub and Spoke” ၊ “Spoke to Spoke”ဆိုပြီးရှိပါတယ်။ NHRPက GRE ၊ IPsec Tunnels တွေနဲ့ ချိတ်ဆက်မဲ့ peersတွေကို Dynamic Addressအနေနဲ့လဲချိတ်ဆက်လို့ရပါတယ်။ ဥပမာ “Hub and Spoke” modelမှာ Hub Siteမှာ ပဲStatic IP Address assign လုပ်ပြီး Spoke Siteအချင်းချင်းကိုတော့ Dynamic IP Address နဲ့ချိတ်ဆက်လို့ရပါတယ်။ ချိတ်မဲ့ Tunnelကတော့ လိုအပ်ချက်ပေါ်မူတည်ပြီး Full Mesh ၊ Partially Meshအနေနဲ့ ချိတ်ဆက်လို့လဲရပါတယ်။
Connectivity အနေနဲ့ကလဲLease linesတွေ Hard Circuitsတွေမရှိလဲ Internet Accessရနိုင်မဲ့ သာမန် DSL,ADSL,PSTN line စတာတွေနဲ့လဲချိန်ဆက်လို့ရနိုင်ပါတယ်။ Speed, Bandwidth, Performanceတွေကတော့ ကိုအသုံးပြုမဲ့ ပေါ်မှာ မူတည်ပြီးတော့ တွက်ချက်ဖို့တော့လိုပါလိမ့်မယ်။
ကျွန်တော်တို့ အခုလုပ်ကြည့်ကြမယ် Tutorial ကတော့ “Hub and Spoke” ပါ။
Network Topology: Yganogn HQ officeကို Hub နဲ့ Mandalay ၊ Bagan ကိုတော့ Spoke အနေနဲ့ ချိတ်ဆက်ထားပါတယ်။ ISP Cloudကတော့ Routerတခုကိုတခြားnetwork segmentတခုနဲ့ static route နဲ့ပဲ ချိတ်ထားပါတယ်။
Network Topology:
ဒီTutorialမှာ အသုံးပြုထားတဲ့IOSနဲ့ Router Model (ကိုယ်ဘာသာအဆင်ပြေမဲ့ IOS နဲ့ Routerနဲ့လဲရပါတယ်) :
IOS : c7200-jk9s-mz.124-25b.image
Router : Cisco 7200
Configurationစလုပ်ကြည့်ကြရအောင်။ အရင်ဆုံး HQ(hub) site routerကိုစလုပ်ကြည့်ကြစို့
အရင်ဆုံး ညာဘက်ဘောင်ထဲမှာရှိတဲ့ Configurationတွေကိုနည်းနည်းရှင်းပြပါမယ်။အခြေခံ Config တွေဆိုတော့ ခက်ခက်ခဲခဲတော့မဟုတ်ပါဘူး။ Topologyကိုကြည့်ပြီး သက်ဆိုင်ရာ I/F IPတွေကို assign လုပ်၊ ospfကတော့ Tunnel Upဖြစ်နေရင် Tunnel အတွင်းTraffiicအတွက်ပါ LAN segment နဲ့ Tunnel segment ကိုassignလုပ်ရပါမယ်။ip route configuration ၂ခုကတော့ ISP Cloudနဲ့ချိတ်ဆက်ဖို့ပါ။ ဒီ Tutorial ရဲ့အဓိကဖြစ်တဲ့ mGRE/NHRP tunnel နဲ့IPSec encrypt configurationကိုရှင်းပြ ရမယ်ဆိုရင်nhrp နဲ့mGRE tunnel ကို createလုပ်ပြီးတာနဲ့ အဲ့ဒီ Tunnel ကနေ Data Trafficလုပ်လို့ရပါပြီး ။ ဒါပေမဲ့ Intenetကနေချိတ်ဆက်ထားတာဖြစ်တဲ့အတွက် Cryptမလုပ်ရင် Data က Secureမဖြစ်ပါဘူး။အဲ့ဒါကြောင့် IPSec နဲ့ Secure Tunnelဖြစ်အောင်လုပ်ဖို့လိုအပ်ပါတယ်။ip nhrp map multicast dynamic : Hub site အနေနဲ့ Spoke Siteနဲ့ Dynamic Mappingလုပ်ဖို့ပါ ။
tunnel mode gre multipoint : Multi GRE tunnel creation အတွက်ပါ။
သတိပြုရမှာက network-id ၊ tunnel key၊ holdtime၊ တွေက Hub site နဲ့Spoke Siteတွေမှာ တူညီအောင် configuration လုပ်ဖို့လိုပါတယ်။
tunnel protection ipsec profile ကတော့ isakmpနဲ့ IPSec profile ကို createလုပ်ပြီး မှ configureလုပ်ဖို့လိုပါမယ်။ mGRE/NHRP tunnelသက်သက်ပဲဆို tunnel protection ကမလုပ်ပဲနဲ့လဲ ချိတ်ဆက်လို့ရပါတယ်။
tunnel protection ကတော့ Internet Security Association and Key Management Protocol (ISAKMP)/IKE(Internet Key Exchange)၊ IPSecကို လိုအပ်ချက်ပေါ်မူတည်ပြီးconfigure လုပ်လို့ရပါတယ်။ ဒီ tutorial မှာတော့ အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံးပဲconfigure လုပ်ထားပါတယ်။
phase 1 IKE policy negotiation အတွက် isakmp policy configureလုပ်ပြီး ၊ IPSec Transform-set နဲ့ profileလုပ်ရပါမယ်။ အဲ့ဒီ profileကို tunnel interfaceမှာ configure လုပ်ပေးရင်ရပါပြီး။
tunnel protectionဖြစ်တဲ့ isakamp/IKE ၊ IPSec configurationတွေကတော့Hub site ရော Spoke Sites မှာပါ အတူတူဖြစ်ဖို့လိုအပ်ပါတယ်
Mandalay နဲ့ Bagan spoke sites configuration:
Spoke sites configurationကတော့ Hub siteနဲ့ ကွာခြားမှုသိပ်မရှိပါဘူး။ Hub Siteကိုချိတ်ဆက်ဖို့ ဒီအောက်က configuration ၃ကြောင်းကို ထပ်လုပ်ပေးဖို့ပဲလိုပါမယ်။ -ip nhrp map multicast 10.2.1.2 -ip nhrp map 172.1.0.2 10.2.1.2 -ip nhrp nhs 172.1.0.2 ip nhrp map multicast dynamic ကတော့ Spoke Siteနှစ်ခုကလိုအပ်လို့ချိတ်ဆက်မယ်ဆို Dynamically ချိတ်လို့ရအောင်configureလုပ်ဖို့လိုပါမယ်။ Static နေနဲ့ ချိန်မယ်ဆိုရင်တော့ မလိုပါဘူး။ Spoke Sites ၂ခုကိုStatic Tunnelနဲ့ချိတ်မယ်ဆိုရင်တော့ ip nhrp map{spoke IP}အနေနဲ့ Configure လုပ်ပေးဖို့လိုပါမယ်။
အထက်ပါအတိုင်း Hub နဲ့ Spoke routerတွေကိုconfigure လုပ်ပြီးပြီဆိုရင်တော့ ချိတ်ဆက်လို့ရမရ စစ်ကြည့်ကြမယ်။ mGRE/NHRP tunnel configure လုပ်ပြီးတာနဲ့ mGRE tunnelနဲ့ ကချိတ်ဆက်လို့ရနေပါပြီး
အရင်ဆုံး HQ routerမှာ ကြည့်ကြည့်ရအောင် ၊
HQ routerကကြည့်ရင် mGRE tunnel နှစ်ခု(Mandalay နဲ့ Bagan)ကိုတွေ့ရပါမယ်။
Spoke routersတွေမှာ ကြည့်ရင်တော့ Hubနဲ့ချိတ်ဆက်ထားတဲ့ GRE tunnel တခုဆီပဲရှိပါလိမ့်မယ်။
Spoke Sites တွေက ချိတ်ဆက်ဖို့လိုအပ်မှ dynamicallyချိတ်မှာဆိုတော့ Mandalay rouerကနေ Bagan router ကို ping ကြည့်လိုက်ပါ။ Spoke Site အချင်းချင်း ချိတ်ဆက်တဲ့ mGRE tunnel ကို show ip nhrp နဲ့ ကြည့်လိုက်ရင်အောင်ပါအတိုင်းတွေ့ရပါမယ်။
Spoke sitesကနေ ဘယ်Hub siteနဲ့ ချိတ်ဆက်ထားလဲဆိုတာကိုတော့ show ip nhrp nhsနဲ့ ကြည့်လို့ရနိုင်ပါတယ်။
mGRE/NHRP tunnel တွေချိတ်ဆက်လို့ရနေတာကို စစ်ကြည့်ပြီးပြီဆိုရင်တော့ tunnel protection လုပ်ထားတဲ့ isakmp နဲ့ IPSecတွေကိုစစ်ကြည့်ကြရအောင်။ show crypto{isakmp | ipsec} နဲ့စစ်ကြည့်လို့ရပါမယ်။ Spoke siteတွေမှာလဲ အလားတူစစ်ကြည့်လို့ရပါတယ်။
Tunnel Protecetionက IKE Negotiation/IPSec cryptတွေ ကောင်းကောင်း အလုပ်လုပ်တယ်ဆို အောက်ပုံအတိုင်း တွေ့မြင်နိုင်ပါတယ်။ Spoke siteမှာ ကတော့ Spokeအချင်းချင်း ပါ ချိတ်ဆက်ထားမယ်ဆိုရင်တော့ tunnel ၂ခုရယ် SA လဲ ၂ခုတွေ့ရမှာပါ။
tunnel protection ကအလုပ်လုပ်ပြီး ဆိုရင် ချိတ်ဆက်နေတဲ့ tunnelတွေက Tunnel protectionအနေနဲ့ ချိတ်ဆက်နေလားဆိုတာကိုတော့ show crypto session နဲ့ စစ်ကြည့်လို့ရပါတယ်။ Spoke sites တွေမှာလဲ အလားတူ စစ်ကြည့်လို့ရနိုင်ပါတယ်။
tunnel တွေ က protection mode နဲ့ချိတ်ဆက်လို့ရပြီးဆို HQ ၊ Mandalay ၊ Bagan routerအချင်းချင်း data traffic ကို ospf နဲ့ ချိတ်ဆက်လို့ရပါပြီး။ Hub နဲ့ Spoke Sitesတွေရဲ့ LAN IPကို ping ကြည့်ပြီး ping လို့ရတယ်ဆိုရင်တော့ အားလုံး အဆင်ပြေအလုပ်လုပ်ပြီးလို့ သတ်မှတ်လို့ရပါပြီး။
Troubleshooting အနေနဲ့ ကတော့ debug logတွေကိုကြည့်ပြီး tunnel up/down ၊ IKE SAs/IPSec failure ဖြစ်တာတွေ ၊ ဘယ်လိုအလုပ်ဆိုတာကို traceလိုက်ကြည့်လို့ရနိုင်ပါတယ်။
debug crypto {isakmp | ipsec}
clear crypto sa peer {ip}
===============END===============












No comments:
Post a Comment