DMVPN Tutorial
DMVPN(Dynamic Multipoint VPN)ကိုGNS3 နဲ့ လက်တွေ့လုပ်ကြည့်ကြရအောင်
DMPVN, Site-toSite VPNအမျိုးအစားလို့ပဲပြောကြပါစို့။ DMVPNကတော့ GRE(Generic Routing Encapsulation) ၊ NHRP(Next Hop Resolution Protocol) ၊ IPSec စတာတွေနဲ့ ပေါင်းစပ် တည်ဆောက်လို့ရတဲ့ ၊ တည်ဆောင်နိုင်တဲ့ VPN ပါ။ Design ကတော့ အခြေခံအားဖြင့် “Hub and Spoke” ၊ “Spoke to Spoke”ဆိုပြီးရှိပါတယ်။ NHRPက GRE ၊ IPsec Tunnels တွေနဲ့ ချိတ်ဆက်မဲ့ peersတွေကို Dynamic Addressအနေနဲ့လဲချိတ်ဆက်လို့ရပါတယ်။ ဥပမာ “Hub and Spoke” modelမှာ Hub Siteမှာ ပဲStatic IP Address assign လုပ်ပြီး Spoke Siteအချင်းချင်းကိုတော့ Dynamic IP Address နဲ့ချိတ်ဆက်လို့ရပါတယ်။ ချိတ်မဲ့ Tunnelကတော့ လိုအပ်ချက်ပေါ်မူတည်ပြီး Full Mesh ၊ Partially Meshအနေနဲ့ ချိတ်ဆက်လို့လဲရပါတယ်။
Connectivity အနေနဲ့ကလဲLease linesတွေ Hard Circuitsတွေမရှိလဲ Internet Accessရနိုင်မဲ့ သာမန် DSL,ADSL,PSTN line စတာတွေနဲ့လဲချိန်ဆက်လို့ရနိုင်ပါတယ်။ Speed, Bandwidth, Performanceတွေကတော့ ကိုအသုံးပြုမဲ့ ပေါ်မှာ မူတည်ပြီးတော့ တွက်ချက်ဖို့တော့လိုပါလိမ့်မယ်။
ကျွန်တော်တို့ အခုလုပ်ကြည့်ကြမယ် Tutorial ကတော့ “Hub and Spoke” ပါ။
Network Topology: Yganogn HQ officeကို Hub နဲ့ Mandalay ၊ Bagan ကိုတော့ Spoke အနေနဲ့ ချိတ်ဆက်ထားပါတယ်။ ISP Cloudကတော့ Routerတခုကိုတခြားnetwork segmentတခုနဲ့ static route နဲ့ပဲ ချိတ်ထားပါတယ်။
Network Topology:
ဒီTutorialမှာ အသုံးပြုထားတဲ့IOSနဲ့ Router Model (ကိုယ်ဘာသာအဆင်ပြေမဲ့ IOS နဲ့ Routerနဲ့လဲရပါတယ်) :
IOS : c7200-jk9s-mz.124-25b.image
Router : Cisco 7200

